ဝတ်မှုံ၊ မတ်လ ၁၀ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ကောင်းမူလွယ်ရပ်ကွက်ရှိ စူပါမားကတ်ဆိုင်ရှင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားတဲ့ အမျိုးသား ၃ ဦးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ဦးက ကောင်းမူလွယ်ရပ်ကွက် ဖူလီလိုက်လမ်းကြားရှိ စူပါမားကတ်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဆိုင်ထဲအထိ ဝင်ရောက်ပြီး ပြန်ပေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။

“မူဆယ်မှာက အဲလိုတွေကြီးပဲဆိုတော့ ဘယ်အဖွဲ့မှန်းကို မသိဘူး။ တချို့လည်း ပြည်သူ့စစ်နာမည်တွေသုံးပြီး ပြန်ဖမ်းမိရင်တော့ ပြည်သူ့စစ် မဟုတ်ဘူး ဖြစ်ပြန်ရော။ ဓားပြတိုက်တဲ့အဖွဲ့တွေက အဲလိုတွေကြီးပဲ” လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ပြန်ပေးဆွဲသွားတဲ့ အမျိုးသား ၃ ဦးကို မင်္ဂလာမူဆယ်ဘက်သွားတဲ့ လမ်းဘက်က အဆောက်အဦးတစ်ခုထဲ စစ်တပ်၊ ရဲနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

မူဆယ်မြို့ဟာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မူဆယ်မြို့မှာ မင်္ဂလာဆောင် ဖျော်ဖြေဖို့အတွက်ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို လိမ်လည်ဖိတ်ခေါ်ခဲ့ပြီး ပြန်ပေးဆွဲကာ သိန်း ၃ ထောင်ကျော် ပြန်ပေးခဲ့ရတယ်လို့ အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။