ဓာတ်ပုံ – SHAN News’s Page

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အချင်းချင်း မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်းက မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ ‌မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆေးကြောင်တယ်ထင်တယ်။ ဆေးကြောင်ပြီဆိုရင် သိတဲ့အတိုင်းဘဲလေ လူ‌တွေက ကြောင်ပြီလေ။ အဲဒါ‌နဲ့ သူတို့အချင်းချင်း ပြန်ပစ်ကြတာ။ တစ်ယောက် သေသွားတယ်”

ပစ်ခတ်မှု ကျူးလွန်တဲ့သူကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာလည်း ပြည်သူ့စစ်အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ဒဏ်ရာရသူ ရှိခဲ့ပါတယ်။

မူဆယ်မှာ စစ်ကောင်စီအပြင် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အများစု ရှိနေပြီး အဲဒီပြည်သူ့စစ်တွေဟာ ကျားဖြန်၊လောင်းကစားရုံ၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး စစ်တပ်ထံ အခွန် ပေးဆောင်နေကြပါတယ်။

အချင်းချင်း ပစ်ခတ်မှုနဲ့ ရန်ပွဲလည်း မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြားဝင်ကာ ဖြေရှင်းနေရတာတွေ ရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။