ဓာတ်ပုံ – SHAN News’s Page

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ပြည်သူ့စစ်အချင်းချင်း မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက မူဆယ်မြို့ တော်ရွက်ရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်းက မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ ‌မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆေးကြောင်တယ်ထင်တယ်။ ဆေးကြောင်ပြီဆိုရင် သိတဲ့အတိုင်းဘဲလေ လူ‌တွေက ကြောင်ပြီလေ။ အဲဒါ‌နဲ့ သူတို့အချင်းချင်း ပြန်ပစ်ကြတာ။ တစ်ယောက် သေသွားတယ်”

ပစ်ခတ်မှု ကျူးလွန်တဲ့သူကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာလည်း ပြည်သူ့စစ်အချင်းချင်း စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် ဒဏ်ရာရသူ ရှိခဲ့ပါတယ်။

မူဆယ်မှာ စစ်ကောင်စီအပြင် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အများစု ရှိနေပြီး အဲဒီပြည်သူ့စစ်တွေဟာ ကျားဖြန်၊လောင်းကစားရုံ၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး စစ်တပ်ထံ အခွန် ပေးဆောင်နေကြပါတယ်။

အချင်းချင်း ပစ်ခတ်မှုနဲ့ ရန်ပွဲလည်း မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြားဝင်ကာ ဖြေရှင်းနေရတာတွေ ရှိတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။