ဓာတ်ပုံ- Local

သုတ၊ မတ်လ ၁ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ တစ်ရက်အတွင်း ကား ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကား သူခိုးတွေဟာ အုပ်စုလိုက် ခိုးယူနေတာဖြစ်ပြီး နေအိမ်ထဲအထိ ဝင်ရောက် ခိုးယူတာနေကာ လိုင်စင်ရှိတဲ့ ကားတွေကို ရဲစခန်းမှာ တိုင်ကြားခဲ့ပေမဲ့ ခိုးယူခံရတဲ့ကားတွေ တစ်စီးမှ ပြန်ရတာ မရှိဘူးလို့ လားရှိုးမြို့မှာ ကား အရောင်းအဝယ် လုပ်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တစ်ရက်တည်းကို နှစ်စီးလောက် ပျောက်တယ်။ လားရှိုး ပန်းခြံထဲလည်း ခိုးခံရတာပဲ။ ကားတွေက ဆက်တိုက် ပျောက်နေတာ။ အုပ်စုလိုက် ခိုးနေတာ”

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် မြို့တွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူ၊ ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှု ပိုများလာတာ တွေ့ရတယ်လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကိုးကန့် ထိန်းချုပ်တုန်းက ဘိန်းစားတွေက ထောင်ထဲ ရောက်ကုန်တာလေ။ အခု ရပ်ကွက် ၅ ရေကန်တောင်မှာ ဘိန်းစားတွေလည်း ပေါလာတယ်”

လားရှိုးမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုအပြင် လူသတ်မှု၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်ရှိအချိန်ထိ အရေးယူနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ကုန်စုံဆိုင်တစ်ခုမှာ အရပ်ဝတ်နဲ့ အမျိုးသား ၃ ဦးက ဆိုင်ထဲ ဝင်လာပြီး ဆိုင်ထဲက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေ သိန်း ၁ ထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။