ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၉) ဘူတာဈေးနားက “နေလကုန်စုံဆိုင်”မှာ နေထိုင်ပြီး ကျောင်းတက်နေတဲ့ ၁၆ နှစ်အရွယ် မလုဂျာခေါ် မဆူးယွန်းမြတ်ဆိုသူဟာ ၎င်းနေထိုင်ရာ နေအိမ်ကနေ ထွက်သွားရာကနေ ပျောက်ဆုံးနေကြောင်း မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။
၇ တန်း တက်ရောက်နေတဲ့ မလုဂျာဟာ ၎င်းနေထိုင်ရာ အိမ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကတည်းက ထွက်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်နဲ့လည်း အဆက်အသွယ် မလုပ်ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ကျမတို့က ရွာဖက်မှာ နေတာ။ ညီမလေးက ငယ်ငယ်ကတည်းက အဲအိမ်မှာနေပြီး ကျောင်းတက်တာ။ သူမနေချင်တော့ဘူးဆိုပြီး ပြောဖူးတယ်။ သူကျမတို့ဆီ လာရင်လည်း သူကျောင်းတက်နေတာဆိုတော့ အဲနေရာကိုပဲ ပြန်ပြန်ပို့ပေးတာ ရှိတယ်။ သူထွက်သွားတော့ ဖုန်း ယူမသွားဘူး။ အခုထိ ဘာသတင်းအစအနမှ မရတော့ အိမ်က မိဘတွေလည်း စိတ်ပူနေတယ်”
မလုဂျာ ပျောက်ဆုံးနေတာ ၁၀ ရက်ကျော်ကြာ ရှိနေပြီဖြစ်ပြီး ၎င်းပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး လားရှိုး ရဲစခန်းကို တိုင်ကြားထားမေပဲ့ လက်ရှိအချိန်ထိ သတင်းအစအန မရသေးဘူးလို့ ဆိုပါတယ်။
လူကုန်ကူးခံရမှာကို မိသားစုဝင်က စိတ်ပူနေတာကြောင့် တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-960 926 503, 09-688 944 185 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီ တောင်းခံထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။