ဝတ်ရည်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ မူဆယ်
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က ရွှေလီမြစ်ထဲမှာ ရေဆင်းဆော့ကစားရာကနေ ကလေးငယ် ၂ ဦးက ရေနစ်ပြီး သေဆုံးသွားခဲ့ရတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်နှစ်သစ်ကူးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ရွှေလီမြစ်ထဲ ရေဆော့ကစားတဲ့ အသက် ၁၀ အရွယ် ကလေးငယ် ၂ ဦးက ရေနစ်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“သဲကျင်းကြောင့် ဖြစ်တာလို့လည်း ပြောတယ်။ တရုတ်နှစ်ကူးဆိုတော့ အဲနေ့က လူများတယ်။ မင်္ဂလာမူဆယ်နားက သဲကျင်းကြောင့် သေတာ ခဏခဏဖြစ်တယ်” လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီရွှေလီမြစ်မှာ မကြာခဏ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ပွါးတာကြောင့် နွေရာသီမှ, သွားရောက်ရေဆော့ကစားကြမယ့် သူတွေအနေနဲ့လည်း အထူးဂရုစိုက်ဖို့ကို အထက်ပါအမျိုးသားက သတိပေးပြောဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။