ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉ ရက်
စစ်ကောင်စီထံ လက်နက်ချသွားတဲ့ ဗိုလ်နဂါးရဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ် – BNRA အဖွဲ့ကနေ ထုတ်ပေးတဲ့ လက်နက်တွေကို လာရောက်အပ်နှံဖို့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဗိုလ်နဂါး (ကိုထင်လင်း) ဟာ လူသတ်မှု၊ အလောင်းဖျောက်မှု၊ သက်ငယ်မုဒိမ်းမှု စတဲ့ အမှုပေါင်းများစွာကျူးလွန်ထားတာကြောင့် NUG က သူကို့ ဖမ်းဆီးဖို့ အင်အားသုံးတိုက်ခိုက်တဲ့အချိန် မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ စစ်ကောင်စီထံ လက်နက်ချသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် BNRA ကနေ ထုတ်ပေးတဲ့ လက်နက်တွေကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ခြင်းနဲ့ ဖျက်ဆီးခြင်းတို့ မပြုလုပ်ကြဖို့ ဆိုထားပြီး စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာအရေးယူမယ်လို့ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ၎င်းတို့ကို ခုခံတိုက်ခိုက်ခဲ့ကြတဲ့ BNRA တပ်ဖွဲ့ဝင်တချို့ ကို လက်နက်နဲ့တကွ ဖမ်းဆီးထားသလို ၁၅၀ ဦးခန့် ၎င်းတို့ထံ လက်နက်အပ်ပူးပေါင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။