ဓာတ်ပုံ – Local

သုတ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သိန္နီ

ရှမ်းမြောက် သိန္နီမြို့အဝင်အထွက်ကို ကိုးကန့်တပ်မတော်-MNDAA က စစ်ဆေးမှုတွေ တင်းကြပ်နေပြီး ဖြတ်သန်းသွားလာခွင့်ရဖို့ ကားတွေ နာရီနဲ့ချီ စောင့်ဆိုင်းနေရတယ်လို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်-TNLA နဲ့ ကိုးကန့်တပ်အကြား တင်းမာမှုဖြစ်ပြီး သိန္နီမြို့အဝင်အထွက်တွေကို ကိုးကန့်တပ်ဘက်က စစ်ဆေးမှု တင်းကြပ်လာတာ ဖြစ်ပါတယ်။

“ပလောင်ဆိုရင် အဓိက စစ်တယ်။ စစ်သား ဟုတ်မဟုတ် မေးတယ်။ ရေပူဂိတ်နဲ့ သိန္နီမြို့အဝင် တိုးဂိတ်မှာ စစ်တာ။ ကားတွေ အများကြီးပဲ တန်းစီရတာ။ ၃ နာရီလောက် ကြာတယ်” လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်ဘက်က မြို့အဝင်အထွက်ကို စစ်ဆေးမှု တင်းကြပ်ပေမယ့် ဖြတ်သန်းသွားလာတဲ့သူတွေကို ဖမ်းဆီးထားတာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ်တွေ ထိုးကြိတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဖွဲ့ဝင် မရှိတော့ဘဲ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှု မရှိတော့ဘဲ မြို့ပေါ်မှာ လူထုတွေ ပုံမှန် သွားလာနေတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။