ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၅ ရက်

ဒီနေ့ ဖေဖော်ဝါရီ ၅ ရက်မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ညီနောင်မဟာမတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA တို့က သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ၆၅ နှစ်ကြာ တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ရတဲ့ ကချင်အာဇာနည်တွေနဲ့ သူရဲကောင်းတွေကို ဦးညွတ်အလေးပြုတယ်လို့ ဖော်ပြထားပါတယ်။

ကချင်တပ်မတော် KIO/KIA ဟာ လက်ရှိအချိန်အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေပြီး မျှော်မှန်းထားတဲ့ ရည်မှန်းချက်နဲ့ ကချင်လူထုတွေ မျှော်လင့်တောင့်တနေတဲ့ မျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်ဝဖို့ ဆုတောင်းကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။

KIA နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ “ဝ” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်သလို မြောက်ပိုင်းမဟာမိတ်တပ်တွေလည်း ဖြစ်ကြပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြောက်ပိုင်းမဟာမိတ်တွေအကြား နယ်မြေအငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပြီး နယ်မြေအငြင်းပွားမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြမယ်လို့ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လည်း သဝဏ်လွှာ ပေးပို့ခဲ့တာ တွေ့ရပြီး နွေဦးတော်လှန်ရေးကို KIA ဦးဆောင်မှုအပေါ် အသိအမှတ်ပြု ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။

KIO/KIA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကတော့ နွေဦးတော်လှန်ရေး အင်အားစုနဲ့အတူ စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှု ပိုမိုရရှိစေရေး KIO က စနစ်တကျ စီမံဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ သွေးခွဲမှုတွေကို မခံကြဖို့ လိုအပ်တယ်လို့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။