ဖေဖော်ဝါရီ ၅ ရက်၊ ကျောက်မဲ

ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် (၄) ရှိ မီဂါစတုံးဖုန်းဆိုင်မှာ လက်နက်အပြည်အစုံ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဖုန်းကို ဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

“ဆိုင်ရှင်က ကယ်ပါအုန်း ကယ်ပါအုန်း အော်တာကို အစက ခွေးကိုက်ခံရတာလားဆိုပြီး ကြည့်တာ။ ပြီးမှ လူတွေက အဲဖုန်းလုပြီး ထွက်လာတဲ့တဲ့ စစ်သားကို ဝိုင်းချုပ်ပြီး ကန်ကြတာ။ လူက ရစရာမရှိတော့ဘူး။ အဲဖုန်း ဝင်လုတဲ့ကောင်က ၂၄၊ ၂၅ နှစ်လောက်ပဲ ရှိအုန်းမယ်။ ရုပ်ကလည်း သန့်သန့်လေးပဲ” လို့ ဆိုပါတယ်။

ဝိုင်းဝန်းရိုက်နှက်ပြီးနောက် အဲဒီစစ်ကောင်စီတပ်သားကို လူထုတွေက ရဲလက်ထဲ အပ်နှံလိုက်ပြီး ရဲတွေက ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမှာ စစ်ကောင်စီ ဝင်ရောက်ထိန်းချုပ်ပြီးနောက် နေအိမ်ဖောက်ထွင်းမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲအဝင်လမ်းတွေဖြစ်ကြတဲ့ မိုးကုတ်-ကျောက်မဲနဲ့ မိုင်းငေါ့-ကျောက်မဲ လမ်းမပေါ်မှာလည်း ဂိတ်ဖွင့်ထားပြီး ကားသမားတွေထံ ငွေအဆမတန်ကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။