ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

မိုင်းရူပ၊ ဇန်နဝါရီ ၂၁ ရက်၊ လားရှိုး

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်- MNDAA တို့အကြား အပစ်ရပ်တာ မှန်ပေမဲ့ ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ လားရှိုး ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၀ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားလိုက်ပြီးနောက်ပိုင်း ကိုးကန့်တပ်အနေနဲ့ လားရှိုးကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

“လားရှိုးမှာ အေးဆေးပါပဲ။ ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်။ ကျနော်တို့ သိသလောက်တော့ လားရှိုး ပြန်မပေးပါဘူး။ အပစ်ရပ်တာတော့ မှန်ပါတယ်” လို့ လားရှိုးပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးဒေသခံတစ်ဦးကလည်း လက်ရှိ လားရှိုးမြို့မှာ အုပ်ချုပ်ရေးယန္တရား ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

“အုပ်ချုပ်ရေးက ပုံမှန်ပဲ လည်ပတ်နေတယ်။ တရုတ်နှစ်သစ်ကူး လုပ်ဖို့တောင် စီစဥ်နေကြတယ်”

ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေဆုံခဲ့ရာ ဇန်နဝါရီ ၁၈ ရက်ကစ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မော်နင်းက ထည့်သွင်းပြောကြားတာ မရှိပါဘူး။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ကိုးကန့်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ဖို့ သဘောတူပြီးနောက်ပိုင်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့သလို ကိုးကန့်တပ်နဲ့ ဝတပ်ဖွဲ့- UWSA အကြား ကုန်စည်သယ်ယူခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပြီလို့ UWSA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကိုတော့ MNDAA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။