မိုင်းရူပ၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရပ်ကွက် ၄ က ဘုန်းကြီးအသတ်ခံရမှုမှာ လက်ရှိအချိန်အထိ လူသတ်တရားခံကို စစ်ကောင်စီဘက်က ဖမ်းဆီးရမိတာမရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက်(၄) မှာရှိတဲ့ မဟာဗောဓာရုံကျောင်းတိုက်ရဲ့ ကျောင်းဝင်းအတွင်းမှာ လူတစ်စုက ဝင်လာပြီး ဘုန်းကြီး ဦးကေသရဆိုသူကို ဓားနဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

ဘုန်းကြီးအသတ်ခံရပြီးနောက် စစ်ကောင်စီက လူသတ်တရားခံကို လိုက်လံရှာဖွေနေပြီး ဒီနေ့ ဖေဖော်ဝါရီ၄ ရက်အထိ ဘုန်းကြီးနဲ့ ပတ်သက်တဲ့သူတွေကို စစ်ကောင်စီက လိုက်လံခေါ်ယူစစ်ဆေးနေပြီး တချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူနဲ့ ပတ်သက်တဲ့သူ၊ သူ့ဒကာ၊ ဒကာမတွေ အကုန်လုံး အကုန်လိုက်ဖမ်းနေတာ။ မသင်္ကာရင် အချုပ်ထဲ ထည့်ထားတယ်။ ကျနော်အသိတွေရော အများကြီးပါတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးရခံသူတွေရဲ့ အရေအတွက်အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လားရှိူးမြို့ကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးနောက် ဓားပြတိုက်မှုတွေအပြင် လူသတ်မှုတွေ၊ ခိုးမှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ အရေးယူနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း လာရှိုးမြို့ ရပ်ကွက် ၄ ရှိ ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်တစ်အိမ်ကို အမည်မသိအမျိုးသား ၆ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ရွှေ ၅ ပိဿာနဲ့ ငွေသိန်းထောင်ချီ ပါသွားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။