ဓာတ်ပုံ – Local (ကွတ်ခိုင်မြို့နယ်ထဲက ရွှေလုပ်ကွက်တစ်ခု – ပုံဟောင်း)

ပို့လဘား၊ ဖေဖော်ဝါရီ ၄ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့်တပ် (MNDAA) ကို ကန့်ကွက်ဆန္ဒပြကြတဲ့ ဒေသခံတွေကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့နယ် ‌နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှာ ရွှေ လာရောက်တူးဖော်နေတဲ့ ကိုးကန့်တပ်ဟာ ဒေသခံတွေရဲ့ ခွင့်ပြုချက်မရရှိဘဲ ကျေးရွာနယ်မြေအတွင်းရှိ လယ်ယာနဲ့ ချောင်းမြောင်းတို့ကို ပျက်စီးစေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ဒေသခံတွေက ဆန္ဒပြ ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သူတို့ တူးတာတော့ တော်တော်ကြာပြီ။ အစောပိုင်းက ရွာနဲ့ဝေးတော့ ဘာမှ မပြောသေးဘူး။ အခုက ရွာနဲ့ နီးလာတာရော လယ်ကွက်နားထိလည်း ရောက်လာပြီ။ ရွှေတူးဖော်မှုကြောင့် နမ့်ပေါင်ချောင်းက ရေအမြဲနှောက်တယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ အဲမှာအဓိက လုပ်နေတာက “ဝ” စီးပွားရေးလုပ်ငန်းရှင်နဲ့ တရုတ်‌‌တွေ ပေါင်းပြီး လုပ်နေကြတာ”

‌အဲဒီရွှေတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေနဲ့ ကိုးကန့်တပ်တို့အကြား အချင်းချင်း အငြင်းပွားခဲ့ကြပြီး အဲဒီဆန္ဒပြတဲ့ ဒေသခံ (၃၆) ဦးကိုလည်း ကိုးကန့်တပ်က ၎င်းတို့ကို သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

“သိန္နီဘက် ခေါ်သွားတယ်။ လုံခြုံရေးစောင့်တဲ့ ကိုးကန့်တပ်သားကို သူ့တို့က ပြန်ဝင်လုံးလို့ ကိုးကန့်က ပြောတယ်။ စစ်ကောက်တဲ့အချိန်မှာ လူမရှိဘူးပြောပြီး အခုကျတော့ လူအင်အား အများကြီးနဲ့ ဝိုင်းလုံးတော့ ဟိုက သေနတ်ဖောက်တာပါ။ ပုံမှန်ဆန္ဒပြတာလောက်ဆိုရင် အဲလောက်ထိ မဖြစ်ဘူးထင်တာဘဲ”

အဆိုပါ သိန္နီမြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြသူ (၃၆) ဦးထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က (၂၇) ဦးကို ပြန်လွတ်လာပေးပေမဲ့ ကျန်တဲ့ (၉) ဦးကိုတော့ လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ – Local (ကွတ်ခိုင်မြို့နယ်ထဲက ရွှေလုပ်ကွက်တစ်ခု – ပုံဟောင်း)

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။