ပို့လဘား၊ ဖေဖော်ဝါရီ ၃ ရက်၊ လာရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ကျန်ကျေးရွာက အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကိုပန်စိန်ဆိုသူဟာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေနှစ်ဖက် ပြတ်ခဲ့ရတဲ့အထိ ဖြစ်သွားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၁၀ နာရီအကျော်မှာ ၎င်းရဲ့ ခြဲအတွင်းမှာပဲ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲမိုင်းက သူတို့ခြံထဲမှာ ရှိနေတာကြာပြီ။ ဘယ်သူထောင်ထားမှန်း မသိဘူး။ သူတို့ရဲ့ တဲရှေ့မှာ ရှိနေတာကြာပြီ။ ပြီးခဲ့တဲ့ရက်က သူခြံမှာ တစ်ညအိပ်ပြီး မနေ့ မနက်ပိုင်းမှာတော့ သူ့မိန်းမနဲ့ ဖုန်းပြောနေတဲ့အချိန်မှာ သူအဲမိုင်းကို နင်းမိတာလား ထိမိတာလား မသိဘူးပေါ့နော်။ အဲချိန်မှာပဲ မိုင်းပေါက်ကွဲပြီးမှ သူ့ခြေထောက်ထိသွားတာ”
လက်ရှိမှာတော့ ဒဏ်ရာရတဲ့ အဆိုပါအမျိုးသားဟာ လားရှိုးပြည်သူ့ဆေးရုံမှာပဲ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
နမ့်ကျန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကလည်း ရွာခံအမျိုးသားတစ်ဦးက မိုင်နင်းမိပြီး ခြေနှစ်ဖက် ပြတ်ထွက်သွားတဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။