ပို့လဘား၊ ဖေဖော်ဝါရီ ၂ ရက်၊ လာရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့က ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်တစ်အိမ်မှာ ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လာရှိုးမြို့ ရပ်ကွက် (၄) ရှိ ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်တစ်အိမ်ကို အမည်မသိအမျိုးသား ၆ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

“အသတ်ခံရတဲ့ ဘုန်ကြီးကျောင်းရဲ့ အနောက်ဘေးကပဲလေ။ တရားနာတဲ့အချိန်မှာပဲ ဖြစ်သွားတာ။ အဲအိမ်က ရွှေဆိုင်ဖွင့်တာ မဟုတ်ဘူး။ ရွှေဆိုင်ဖွင့်တာ မဟုတ်ပေမယ့် ရွှေဆိုင်တွေအကုန်လုံးက သူ့ဆီပဲ အော်တာအကုန်အပ်တာလေ။ ပင်မလို ဖြစ်နေတာပေါ့။ အဲမှာ ရွှေထည်ကုန်ချောတွေ လုပ်‌နေတာ။ ပြီး‌တော့ ရွှေတွေအပေါင်ခံထားတဲ့အိမ်လို့ ပြောရမှာပေါ့။ ရွှေ ၅ ပိဿာနဲ့ ပိုက်ဆံပါသွားတယ်”

ဓားပြတိုက်သွားတဲ့ အဲဒီအမျိုးသား၆ ဦးကိုတော့ လက်ရှိအချိန်ထိ ဖမ်းမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကနေ ဇန်နဝါရီ တတိယအပတ်အထိ လားရှိုးမြို့တွင်းမှာ ကား ၅ စီးထက်မနည်း အခိုးယူခံရပြီး လက်ရှိအချိန်အထိ ကားခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အလားတူ ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်ကလည်း လာရှိုးမြို့ ရပ်ကွက် ၉ က ဘူတာသံလမ်းအနီးရှိ ရွှေဆိုင် ၁ ဆိုင်ဟာ ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ နဲ့ ရွှေ ၇၅ ကျပ်သား ပါသွားခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းတွေ ပေါများလာသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း များလာပြီး အခုလို ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။