ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၆ ရက်၊ နမ့်ခမ်း

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်အနီးရှိ ရာဘာခြံအနီးမှာ ကလေးငယ်တစ်ဦး ရေအိုင်ထဲ ရေဆင်းဆော့ကစားရာကနေ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီးက ရေအိုင်ထဲမှာ အသက် ၁၁ နှစ်အရွယ် မောင်ဒေဝစ်ကြာဟာ ရေဆင်းဆော့ရာကနေ ရေနစ်သွားပြီး နေ့လည် ၃ နာရီခွဲကျော်မှာ အလောင်းပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

“အစက ကလေး လေးငါးယောက်လောက်ရှိတယ်။ ကလေးတွေက အဲဒီနားမှာ တုတ်နဲ့ လိုက်စမ်းနေတာ။ အဲဒါကို ဦးလေးကြီးတစ်ယောက်တွေ့တော့ ကလေးတွေကို သွားခိုင်းတာ။ အဲဦးလေးကလည်း အဲနားမှာ ကလေးရေနစ်နေမှန်း မသိဘူးလေ။ ကလေးတွေကိုဆူတော့ ကလေးတွေကလည်း ကြောက်ပြီး ထွက်သွားကြတာ။ ကလေးတွေ ပြန်သွားပြီးတဲ့နောက်မှ သူများက ကလေးအဝတ်ကျန်နေခဲ့တာကို တွေ့တာ။ အဲချိန်ကြမှပဲ ကလေးရေနစ်မှန်းသိပြီး ရေထဲဆင်းရှာကြတာ။ အဲနေရာက နည်းနည်းနိမ့်တော့ တရုတ်တွေ မြေထိုးရင်းနဲ့ ရေက နစ်နစ်လာတာ။ ရေက တစ်နေရာထဲ လာစုသွားပြီး အိုင်လိုဖြစ်သွားတာ” လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးဟာ နမ့်ခမ်းမြို့ ဟိုကတ်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ. ထ.က (၁) မှာ ပညာသင်ယူနေတဲ့ ဒုတိယတန်း ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ ကလေးရဲ့ ရုပ်အလောင်းကိုတော့ ဖြူစင်မေတ္တာ သွေးအလှူရှင်အသင်းက နမ့်ခမ်းပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ပို့ဆောင်ထားတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာလည်း နမ့်ခမ်းမြို့နယ် အထက်ပန်ယုတ်ရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ဟိုဆိုင်းချောင်းထဲ ရေဆင်းကူးရာကနေ ရေထဲ မျောပါသွားပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။