ဓာတ်ပုံ – CJ

သူတော်စိန်၊ ဇန်နဝါရီ ၂၆ ရက်၊ မူဆယ်

တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်တွေမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီ ရက်လွန်သူတွေကို မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ ၅)လဝကဝန်ထမ်းတွေက ရက်လွန်ကြေးအဆမတန်တောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီကို ကိုင်ဆောင်သူတွေဟာ နှစ်နိုင်ငံသဘောတူစာချုပ် MOC မှာပါတဲ့ စည်းကမ်းချက်အတိုင်း တရုတ်ပြည်ဘက်မှာ ၆ ညအိပ် ၇ ရက်(တစ်ပတ်)တစ်ခါ တံဆိပ်တုံးလာထုရမှာဖြစ်ပြီး ရက်ကျော်လွန်နေထိုင်ခဲ့သူတွေကို မကဖ(၅)လဝကဝန်ထမ်းများက ရက်လွန်ကြေး အနည်းဆုံး တရုတ်ငွေ ၂၀၀ ယွမ်တောင်းခံနေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမ နှစ်ရက်လွန်သွားတာကို နန်းတော်ဂိတ်က တရုတ်ငွေ ၂၀၀ တောင် တောင်းတယ်။ မြန်မာငွေနဲ့ဆို တစ်သိန်းနှစ်သောင်းလောက်ရှိမယ်။ ဒါကြောင့် လျော့ပေးပါဦးလို့ ပြောလိုက်တော့ စာအုပ်သိမ်းသွားတယ်။ နောက်နေ့ သူတို့တောင်းတဲ့ တရုတ်ငွေ ၂၀၀ သွားပေးတော့မှ စာအုပ်ပြန်ပေးတယ်။ အခုက လူသစ်တွေ။ အရင် ဦးနေလင်းဦးတို့အဖွဲ့က ရက်လွန်ရင် မြန်မာငွေ ငါးထောင်၊ တစ်သောင်းတောင်းတယ်။ မပါလို့ နှစ်ထောင်ပေးလည်း ယူတယ်။ တစ်ထောင်ပေးလည်း ယူတယ်။ ဘာမှ မပြောဘူး။ အခုအဖွဲ့က တရုတ်ငွေပဲ တောင်းတာ။ အဲလောက် အများကြီးတောင်းတော့ အဆင်မပြေဘူးလေ” လို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းမှာနေထိုင်သူ မူလတန်းပြဆရာမ ဒေါ်အေးအေးမော်က ရွှေဖီမြေကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နနဝါရီ ၂၂ ရက် နေ့လည် ၂ နာရီမှာလည်း အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ဆင်ဖြူဂိတ်ရှိ မကဖ(၅) လဝကဝန်ထမ်းတစ်ဦးက ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြီး တရုတ်ငွေ ၃၀၀ ယွမ် တောင်းခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့သူဒေသခံတစ်ဦးက ပြောပါတယ်။

“ဥပဒေက ရက်လွန်ရင် အမှုဖွင့်ပြီး ဖမ်းခိုင်းတာ။ ငါတို့က မဖမ်းချင်လို့ ဒဏ်ဆောင်ခိုင်းတာ။ မင်းဒဏ်မဆောင်ချင်ရင် အဖမ်းခံမလား”

လက်ရှိ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်မှာ တာဝန်ထမ်းဆောင်နေတဲလ မကဖ(၅)လဝကဝန်ထမ်းတွေဟာ အပြောအဆို ရိုင်းစိုင်းပြီး ငွေကြေးအဆမတန်တောင်းယူနေတာကြောင့် ဒေသခံတွေက မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို တိုင်စာ ၁၅ စောင်ထက်မနည်း ပေးပို့တိုင်ကြားထားတာတွေရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။