ဓါတ်ပုံ- local

လက်ဖက်၊ ဇန်နဝါရီ ၂၄ ရက်၊ တာချီလိတ်

‎ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာ အမျိုးသား ၄ ဦးက အမျိုးသမီး တစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်လို့ ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဇန်နဝါရီ ၂၄ ရက် မနက် ၈ နာရီမှာ တာချီလိတ်မြို့ ဆန်ဆိုင်းက ရပ်ကွက် မြို့ပတ်လမ်းအနီးမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

‎ရပ်ကွက်နေ အမျိုးသမီးက “ဘာကြောင့်ဖမ်းခေါ်တာလဲ ဘယ်သူမှမသိဘူး။ သေနတ်ချိန်ပြီး ဆွဲခေါ်ထွက်တာလို့ အိမ်ကလူတွေပြောတယ်” လို့ ဆိုပါတယ်။

‎လက်ရှိ သတင်းရေးသားချိန်ထိ မိသားစုတင်တွေက သက်ဆိုင်ရာကို တိုင်ထားပြီး လိုက်လံရှာဖွေခဲ့ပေမဲ့ တရားခံကို ဖမ်းဆီးနိုင်တာ မရှ်ိသေးပါဘူး။

‎တာချီလိတ်မြို့မှာ လောင်းကစားဝိုင်းအပြင် ကျားဖျန့်ရုံလည်းများတာကြောင့် မကြာခန ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက အရေးယူဆောင်ရွက်နိုင်တာ မရှိပါဘူး။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကလည်း ဆန်ဆိုင်း ခ ရပ်ကွက်မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွံခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ငွေနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

‎အလားတူဖြစ်စဉ်မျိုး တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မှာလည်း မကြာခန လူသတ်မှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲခံရမှုတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။