မိုင်အရှိုင်း၊ ဇန်နဝါရီ ၂၄ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့ထဲက ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က အသက်ပြည့်ပြီးတဲ့ လူငယ်တွေရဲ့ စာရင်းတွေကို လိုက်ကောက်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ကစပြီး လားရှိုးမြို့ ရက်ကွက် ၆၊ ၇ နဲ့ တခြားရပ်ကွက်တွေမှာ စစ်ကကောင်စီတပ်က အစည်းအဝေးလုပ်ပြီး လူငယ်တွေရဲ့ စာရင်းကို လိုက်ကောက်နေတာလို့ ဆိုပါတယ်။

“အိမ်ထောင်စု စာရင်းကတော့ တမြို့လုံးအတိုင်းအတာနဲ့ ကောက်တာ။ ဧည့်စာရင်းတော့ မဟုတ်ဘူး။ အခုက အသက်ပြည့်ပြီးတဲ့ လူငယ်တွေရဲ့ စာရင်းပဲ ကောက်တာ။”

အဲလို စာရင်းတွေ လိုက်ကောက်ရာမှာ ပြင်ပရောက်နေတဲ့ လူငယ်တွေရဲ့ စာရင်းတွေပါ ထည့်တွက်ကောက်တာဖြစ်ပြီး စစ်မှုထမ်းကောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“လားရှိုးမြို့မှာ စစ်မှုထမ်းကောက်ဖို့ ပြင်နေကြပြီ။ မဲတော့ မနှိုက်ခိုင်းသေးဘူး။ အသက်ပြည့် လူဦးရေ လိုက်ကောက်နေတုန်းပဲ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ခဲ့တဲ့ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်း စစ်မှုထမ်းဖို့ အရင်ဆုံး ရွာပိုင်းတွေမှာ တပ်သားကောက်ယူခဲ့ပါတယ်။

အခု လားရှိုးမြို့မှာလည်း လူငယ်စာရင်းတွေ လိုက်ကောက်နေတာကြောင့် စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံရမှာကို မြို့ခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။