ဓာတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

မိုင်းရူပ၊ ဇန်နဝါရီ ၁၈ ရက်၊ မယ်စဲ့

ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်တစ်ခုမှာ အကျဥ်းသား ၈၀ ကျော်က သေနတ်တွေ လုယူပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ အကျဥ်းသား ၈၀ ခန့်က အချုပ်ထောင်ကနေ ထွက်ပြေးခဲ့တာဖြစ်ပြီး သေနတ် ၉ လက်ကိုလည်း ယူဆောင်သွားတယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

မြေပြင်အခြေသိရှိသူတစ်ဦးက “ထောင်စောင့်ကို သတ်ပြီး သေနတ် ၁၀ လက် ယူသွားတယ်။ သေနတ်တွေပါတော့ ခရီးသွားမယ့်သူတွေ ဂရုစိုက်ကြပါဗျ” လို့ ရွှေဖီမြေကို ပြောပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေထဲမှာ ထောင်ဝန်ထမ်းကို သတ်ဖြတ်ပြီး ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေ မှန်ကန်မှုမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဥ်းသားတွေထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

IEC ရဲ့ ပြည်ထဲရေးဌာနကတော့ လူထုတွေ လုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။