ခိုင်လေး၊ ဇန်နဝါရီ ၁၈ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာက ဒေသခံပိုင်ဆိုင်တဲ့ အဆောက်အဦးတစ်ခုထဲ ကင်းပုန်းဝပ်ဖို့ ရောက်လာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် PDF က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ စစ်သား ၂ ဦးက ကင်းပုန်းဝပ်ဖို့ ရောက်ရှိလာခဲ့ပြီး ၅ မိနစ်ခန့်အကြာမှာ ပြန်ထွက်သွားပြီးနောက် ၃ မိနစ်အကြာမှာတော့ ချောင်းဦးမြို့တွင်းမှ Faw ကား အဖြူရောင် ၂ စီး ခန့်မှန်းအင်အား ၂၅ ဦးကို ပဒေသာမိုင်းပွိုင့် ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်တပ်က လူခွဲပြီး အဆောက်အဦးထဲ ဝင်တဲ့လူနဲ့ တချို့က ရှေ့မှာ ရပ်နေတဲ့အချိန်မှာ ကျနော်တို့ ပဒေသာမိုင်း ၂ လုံးနဲ့ အဆောက်အဦး ဝင်ပေါက်ကို မိုင်းဆွဲခဲ့တယ်။ နောက်နှစ်လုံးကို မုံရွာ-မန္တ‌ေလးလမ်းမကြီးကြားမှာ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်”

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ အလောင်းနဲ့ ဒဏ်ရာ ရသူတွေကို သယ်ဆောင်ဖို့ လုံခြုံရေးယူကာ ထွက်လာတဲ့ စစ်သား ၅ ဦးကို ခြုံခိုတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ရဲဘော်နဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှတစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဝမ်းဗိုက်ကို သုံးချက် သေနတ်မှန်တဲ့ နှစ်ပွင့်ဗိုလ်ကလည်း ချောင်းဦး ဆေးရုံးမှာ သေဆုံးခဲ့ကာ ခြေပြတ်တဲ့ နှစ်ယောက်လည်း အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။

အဆောက်အဦးရှေ့မှာ လက်ရှိအချိန်ထိ စစ်သားအလောင်း ၃ လောင်း ရှိနေသေးကာ အဆောက်အဦးအတွင်းမှာလည်း အလောင်း ရှိသေးကြောင်း သတင်းရရှိထားတယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က အထိနာတဲ့အတွက် လက်ရှိအချိန်ထိ အလောင်းကောက်ဖို့ ပြင်ဆင်နေတာကြောင့် မုံရွာ-မန္တလေး လမ်းပိုင်းကို သတိနဲ့ သွားလာဖို့၊ မဖြစ်မနေ သွားလာရင် သတင်းမေးပြီး သွားလာကြဖို့ ချောင်းဦး PDF ဘက်က ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။