ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဇန်နဝါရီ ၅ ရက်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်တုန်းက စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ရှမ်းမြောက်က မြို့နယ် ၃ ခုမှာလည်း ကျင်းပခဲ့ပြီး မြို့နယ် ၃ ခုလုံးမှာ စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းမြောက် လားရှိုး၊ မူဆယ်နဲ့ နောင်ချိုမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရသူစာရင်းတွေကို မနေ့ ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ရာ USDP ကဘဲ အနိုင်ရတာ တွေ့ရပါတယ်။

ရှမ်းမြောက်မှာ လူထုထောက်ခံမှုရရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တာကြောင့် USDP က အနိုင်ရရှိခဲ့တာလို့ ရှမ်းမြောက်ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေမှာ NLD နဲ့ SNLD ကသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီ ၂၀၂၅ က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာတော့ အဆိုပါ နှစ်ပါတီက ဝင်မပြိုင်တော့ပဲ USDP ကို ယှဥ်နိုင်တဲ့ ပါတီမရှိတာကြောင့် အနိုင်ရရှိခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခု ရှမ်းထဲမှာ ကျားဖြူပါတီ (SNDP) ဘဲ တက်လာတဲ့ အချိန်မှာ ဘယ်ရှမ်းမှ စိတ်မဝင်စားဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း စိတ်မဝင်စားဘူး။ မဲလည်း မထည့်ဘူး။ အဲကြောင့် ကြံံ့ခိုင်ရေးဘဲ နိုင်မှာလေ။ သူတို့ကို ယှဥ်နိုင်တာ NLD နဲ့ ကျားခေါင်း (SNLD) ဘဲ ရှိတယ်လေ”

နောင်ချိုမြို့နယ်မှာ ဒီရွေးကောက်ပွဲ ပထမအပိုင်းအတွင်း မြို့ပေါ်က နေရာတွေအပြင် ကျေးရွာပိုင်းမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး လားရှိုးနဲ့ မူဆယ်မြို့နယ်မှာတော့ မြို့ပေါ်နေရာတွေမှာသာ ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။

ဒီရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ စစ်ကောင်စီက ကျင်းပခဲ့တာဖြစ်ပြီး မြို့နယ်အများစုမှာလည်း စစ်ကောင်စီရဲ့ USDP ပါတီကသာ အနိုင်ရတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပခဲ့တဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ USDP က ပြည်သူ့လွတ်တော်နေရာအတွက် အနိုင်ရသူနဲ့ ပြိုင်ဘက်မရှိလို့ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၁၆) နေရာရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။

ရွေးကောက်ပွဲ ဒုတိယအပိုင်းကိုတော့ လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီက မြို့နယ်ပေါင်း (၁၀၀) မှာ ကျင်းပဖို့ စီစဥ်နေပြီး ရှမ်းမြောက်က တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ်တွေ ထည့်သွင်းထားတာ တွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။