ဓာတ်ပုံ- TNLA

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၈ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လင်လိုင်ရွာမှာ ကချင်တပ်မတော်- KIA ရဲ့ တပ်သားတွေက ဆိုင်ကယ်သူခိုးလို့ စွပ်စွဲပြီး အမျိုးသားတစ်ဦးကို ရိုက်နှက်ခဲ့တာအပြင် ညာဘက် လက်ကိုပါ ဓားနဲ့ ခုတ်ခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ KIA ရဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးက အသက် ၅၀ အရွယ် ဦးမောင်ဦးဆိုသူကို သူခိုးလို့ စွပ်စွဲပြီး စစ်ဆေးမေးမြန်းကာ ရိုက်နှက်ခဲ့တာလို့ ကာယကံရှင် ဦးမောင်ဦးက ပြောပါတယ်။

“အဲဒီရွာမှာရှိတဲ့ အိမ်တစ်အိမ်ကို ပိုင်ရှင် ရှိတယ်ထင်လို့ ကျနော်လည်း မီးခြစ် သွားယူသုံးလိုက်တယ်။ ပြီးမှ ကျနော် ထွက်သွားတယ်။ သူတို့ကလည်း နောက်က လိုက်လာတယ်။ သူတို့ အများကြီးဘဲ။ သေနတ်လည်း သုံးတယ်။ ကျနော့် ခေါင်းပေါ်မှာ သေနတ်ပြောင်းတွေဘဲ။ သူတို့လေးယောက် ရှိတယ်။ စစ်သားက သေနတ်လည်း ပါတယ်။ ကျနော်က ဘာမှမယူဘူး။ သူတို့က ကျနော့်ကို သေနတ်နဲ့ ထုတယ်။ လက်မှာလည်း ဓားနဲ့ ခုတ်တယ်”

ဦးမောင်ဦးကို စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတော့ အဲဒီတပ်သားတွေက မိုင်းယုလေးအုပ်စုရှိ TNLA တပ်ဖွဲ့ထံ ပြန်လည် အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် လုံကံရွာခံဖြစ်တဲ့ ဦးမောင်ဦးဟာ KIA တပ်သားရဲ့ ရိုက်နှက်နှိပ်စက်မှုကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသဖို့အတွက် TNLA ရဲ့ နမ့်ဖတ်ကာ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က နမ့်ခမ်းဆေးရုံသို့ ကူညီပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဦးမောင်ဦး ရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၂၈ ရက်မှာလည်း နမ့်ခမ်းမြို့နယ် မန်တပ်ရွာခံနှစ်ဦးဟာ စစ်ကောင်စီတပ်နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး KIA က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။