မိုင်းရူပ၊ ဇန်နဝါရီ ၁ ရက်၊ လားရှိုး
ဒီနေ့ မနက် ဇန်နဝါရီ ၁ ရက်မနက်ပိုင်းစပြီး ရှမ်းမြောက် ရှမ်းမြောက် လားရှိုးမြို့ပြင် မယ်ဟန်ရွာကနေ ကိုးကန့်တပ်မတော်- MNDAA တပ်တွေ တပ်ပြန်ဆုတ်နေတယ်လို့ မယ်ဟန်ရွာမှာရောက်ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကိုးကန့်တပ်တွေ မယ်ဟန်ကနေ ကားနဲ့ စဆုတ်နေပြီ။ စစ်ကောင်စီကတော့ လာတာမတွေ့ရသေးဘူး။
နောင်မွန်ဘက်မှာတော့ ကိုးကန့်တပ်တွေရှိသေးတယ်” လို့ ဆိုပါတယ်။
ဒီတပ်ပြန်ဆုတ်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာလားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာတာ
ဖြစ်ပါတယ်။
မယ်ဟန်ကျေးရွာဟာ လားရှိုးမြို့တွင်းလမ်းနဲ့ လားရှိုးမြို့ရှောင်လမ်းသွားတဲ့ လမ်းခွဲပေါ်မှာတည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်ပါတယ်။
ဆင်နှစ်ကောင်ဟိုတယ်မှာ MNDAA နဲ့ စစ်ကောင်စီတပ်အကြား မကြာခဏတွေ့ဆုံတာတွေရှိနေပြီး ကိုးကန့်တပ်ကို တပ်ပြန်ဆုတ်ဖို့ စစ်ကောင်စီဘက် မကြာခဏ ပြောဆိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် ကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင် နေရာတွေအပြင် သိန္နီမြို့ကိုပါ စစ်ကောင်စီက ပြန်တောင်းနေပြီး MNDAA ဘက်က လက်ခံခဲ့တာ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်
မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။