ဓာတ်ပုံ – ချင်းကာကွယ်ရေးတပ်-အရှို

ရဲမာန်၊ ဒီဇင်ဘာ ၂၅ ရက်၊ မ‌ကွေး

မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အဓ္ဓမပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦးဟာ ချင်းကာကွယ်ရေးတပ်-အရှိုထံ လက်နက်နဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်တွေမှာ နတ်ရေကန်လမ်းဟောင်း ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်မှာ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့တယ်လို့ CDF – Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်း က ရွှေဖီမြေကို ပြောပါတယ်။

“သူတို့က မင်းဘူးခရိုင်တပ်ရင်း ၈ ကနေ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့နဲ့ နီးစပ်လို့ ဖုန်းနဲ့ဆက်သွယ်ပြီးတော့ အလင်းဝင်လာတာပါ။ သူတို့က မင်းဘူးခရိုင်တပ်ရင်း ၈ ထံကို ပြန်ကြမှာပါ။ မင်းဘူးခရိုင်တပ်ရင်း ၈ က တာဝန်ယူပြီးတော့မှ သူတို့မိသားစုတွေဆီ ပြန်ပို့မှာပါ”

စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်သာ ခံနေရတဲ့ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီး စစ်မြေပြင်က လူငယ်‌တွေအနေနဲ့ ချင်းကာကွယ်ရေးတပ် – အရှိုထံအချိန်မရွေး ဘက်ပြောင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသူတိုင်းရဲ့ အသက်နှင့်လုံခြုံမှု ရရှိစေရေးအတွက် အာမခံကြောင်း ချင်းကာကွယ်ရေးတပ် – အရှိုက အသိပေး ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်တွေက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ် – မိုးမိတ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွား

တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တဲ့ မိုးကုတ်-မိုးမိတ်မြို့နယ်ကြားရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အုတ်ဖိုမှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ ပေါ်တာလာဆွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခဲ့ရာ ဒု-ရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။