ယာရူစိင်၊ ဒီဇင်ဘာ ၂၀ ရက်၊ နမ္မတူ
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ နမ္မတူချောင်းနဲ့အတူ ပိုင်ရှင်မဲ့ အမျိုးသမီး အလောင်း ၁ လောင်းတွေ့ရှိခဲ့တယ်လို့ နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ဘော်တွင်းနဲ့ နမ္မတူချောင်းမှာ သေဆုံးနေတဲ့ ခန့်မှန်းအသက် ၃၀ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“အဲဒီအလောင်းကို ချောင်းဆုံမှာ တွေ့တာ။ ခန့်မှန်းချေအရတော့ အသက်က ၃၀ လောက်ရှိမယ်။ နမ္မတူချောင်းနဲ့ အတူ မျောလာတာ။ နမ္မတူက မဟုတ်လောက်ဘူး။ အလောင်းက သေနေတာ ရက်ရှည်လောက်ရှိပြီ”လို့ နမ္မတူမြို့ခံ အမျိုးသား ၁ ဦးက ပြောပါတယ်။
အဲဒီအလောင်းကို နမ္မတူမြို့နယ် ရဲတပ်ဖွဲ့က သွားရောက်သယ်ဆောင်ပေးခဲ့ကာ မီးသဂြိုလ်ပေးခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။