ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဒီဇင်ဘာ ၁၆ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ဖမ်းဆီးချိန် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေတွေကို ပြောပါတယ်။

မူယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ လားရှိုးမြို ရပ်ကွက်( ၅) ၊ ၄၉ လမ်းမှာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး လမ်းမှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဖုန်းနဲ့ ငွေတွေ

သိမ်းယူကာ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပစ်သတ်ပြီးတော့ ဒီတိုင်းလမ်းအလယ်မှာ ထားထားတာ။ စစ်ကောင်စီက ပစ်သတ်တာ။ ပြည်သူတွေက ဘေးမှာ ပြန်ရွေ့ထားတာ။ ကျန်တဲ့သူတွေတော့ ဖမ်းတယ်။ ဖုန်း၊ ငွေသိမ်းသွားတယ်” လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ပြီးနောက် ရပ်ကွက် ၅ အထက်မန်အိုင်မှာ လောင်းကစားဝိုင်းတွေပေါများလာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေပေါများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာလည်း ရေကန်တောင်မှာရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်ခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦးထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲဝင်တွေက မူယစ်ဆေးဝါးအကြောင်းပြပြီး ငွေတောင်ကြမ်းတဲ့ နေရာဖြစ်လာတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။