ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၅ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် တအာင်းတပ် TNLA ထိန်းချုပ်တဲ့ နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာအုပ်စု ၅ ခုကို ကချင်တပ်မတော်-KIA တပ်က A၊ B၊ C အဆင့် သုံးဆင့်ခွဲပြီး ဆန်၊ ငွေ၊ ဆားတွေကို အခွန်ကောက်ခံတဋကြောင့် ဒေသခံတွေ အခက်‌တွေ့နေကြတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ ရန်ဝူးအုပ်စု၊ လွယ်ချက်အုပ်စု၊ လွယ်ယိုင်းအုပ်စု၊ မော်ဆွေအုပ်စုနဲ့ ဟင်လုံအုပ်စုထဲက ကျေးရွာတွေကို KIA တပ်ဘက်က အစည်းအဝေးခေါ်ယူခဲ့ပြီး ကောက်ခံခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အဲဒီအစည်းအဝေးထဲမှာ A၊ B၊ C အဆင့် သုံးဆင့်ခွဲခြားသတ်မှတ်ပြီးတော့ အခွန်ပေးဆောင်ရမှာဖြစ်ကြောင်း အသိပေးခဲ့ပြီး သတ်မှတ်ထားတဲ့ အခွန်ကို မပေး မနေရ ပေးဆောင်ရမှာဖြစ်တယ်လို သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ကျေးရွာဥက္ကဌတွေ အကုန်လုံး အစည်းအဝေးခေါ်တယ်။ အခွန်‌ပေးရမယ်ဆိုပြီး သတိပေးတယ်။ အစည်းအဝေးထဲမှာ A၊ B၊ C ဆိုပြီး သတ်မှတ်တယ်။ A က ရှိတဲ့အိမ်တွေကို ဆန် ၂ တင်းနဲ့ ဆား ၂ ပိဿာ တကယ်လို့ အဲဆန်မပေးနိုင်ရင် ပိုက်ဆံ ၁ သိန်း ၃ သောင်းပေးရမယ်။ B က နည်းနည်းအဆင်ပြေတဲ့ မိသားစုကျတော့ ဆန် ၁ တင်းနဲ့ ဆား ၁ ပိဿာ ဆန်မပေးရင် ပိုက်ဆံ ၇ သောင်းခွဲပေးရမယ်။ C ကတော့ အရမ်းဆင်ရဲတဲ့မိသားစုထဲမှာပါတယ်။ သူတို့ကျတော့ ဆန် ၁၀ ပြည် ပိုက်ဆံ ၅ သောင်း ပေးရမှာ။ မပေးလို့လည်း မရဘူး” လို့ ပြောပါတယ်။

အဲဒီဘက်က ဒေသတွေမှာ KIA တပ်ဘက်က နှစ်စဉ်နှစ်တိုင်း အခွန်ကောက်ခံနေတာကြောင့် ဒေသခံတွေအတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အခွန်ဆက်မကောက်ဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

“သူတို့နှစ်တိုင်းလိုလိုကောက်တယ်။ အခုလိုမျိုး မကောက်စေချင်တော့ဘူး။ ရွာသားတွေလည်း သိတဲ့အတိုင်းဘဲ အဆင်ပြေမနေဘူး။ တချို့အိမ်တောင် ဘာမှစားစရာမရှိဘူး။ စားစရာမရှိတာတောင် သူတို့ကောက်တဲ့ဟာ ထည့်ရအုံးမယ်။ ဘာအခွန်လည်းတော့မသိဘူး။ တကယ်ပြောရမယ်ဆိုရင် ဘာမှမဟုတ်တဲ့အခွန် ပေးနေရတာ။ မကောက်ဖို့ တောင်းဆိုရင်ချင်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေမှာလည်း ကားရှိလည်း ကားအခွန်၊ ကျွဲ၊ နွားရှိလည်း ကျွဲ၊ နွားအခွန်‌၊ စက်ရှိလည်း စက်အခွန်ဆိုပြီး ပေးဆောင်နေခဲ့ရတယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။