ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ ဒီဇင်ဘာ ၁၅ ရက်၊ နမ္မတူ

လားရှိုးမြို့နယ်နဲ့နမ္မတူအဆက် မန်စံရေကျကျေးရွာမှာ ချစ်သူရည်စားဖြစ်သူ ၂ဦးက စကားများရာကနေ ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ မောင်ရွှေသူအောင်နဲ့ မအိအိဇင်တို့သမီးရည်းစား ၂ ဦးဟာ မန်စံရေကျကျေးရွာက မအိအိဇင်တို့ရဲ့နေအိမ်မှာ စကား​များရာကနေ မအိအိဇင်က လမ်းခွဲစကားပြောတယ်ဆိုပြီး ကောင်လေးဖြစ်သူက မအိအိဇင်ကို ဓားနဲ့ထိုးခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးက သေတာတော့ မသေဘူး။ ဆေးရုံတက်နေတာတဲ့” လက်ရှိမှာ ဒဏ်ရာရခဲ့တဲ့ မအိအိဇင်ဟာ လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူ မောင်ရွှေသူအောင်ကိုတော့ TNLA ရဲ့ နမ္မတူမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီ ဝန်းကျင်မှာလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာက နေအိမ်တစ်အိမ်မှာ ဓားထိုးမှုဖြစ်ပွားခဲ့တာကြောင့် မိသားစုဝင် နှစ်ယောက်‌သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။