ဓာတ်ပုံ – Local

လွေးလာဝ်‌ဇာရ်၊ ‌ဒီဇင်ဘာ ၁၂ ရက်၊ တောင်ကြီး

ရှမ်းတောင် ဟိုပုံးနဲ့ တောင်ကြီးလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်အောက်ခံဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့က ဖြတ်သန်းသွားလာနေတဲ့ ကုန်ကားတစ်စီးကို ငွေ သိန်းချီတောင်းခံနေတယ်လို့ ကြုံခဲ့သူ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ ဟုံပုံး- တောင်ကြီးလမ်းမကြီးပေါ်ရှိ တိုးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့က ကုန်တင်ကားနဲ့ အိမ်စီးကားတွေထံ ကျပ်ငွေ ၆ သောင်းကနေ ၁ သိန်းခွဲအထိ တောင်းခံ‌နေတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကြုံခဲ့သူ ကားသမားတစ်ဦးက “မနေ့က ကျနော်လည်း ပေးရတယ်။ ကားအမျိုးအစား ကုန်အမျိုးအစားခွဲပြီးမှကို တောင်းတာ။ တောင်းတဲ့ပုံစံလည်း တစ်ယောက်နဲ့တစ်ယောက်လည်းမတူဘူး။ အနည်းဆုံး ၆ သောင်းကနေ ၁ သိန်းခွဲအထိပေးရတယ်။ ကုန်အခြေအနေကြည့်တယ်။ လူအခြေအနေကြည့်တယ်။ ကြည့်ပြီးမှ တချို့လည်း ၉ သောင်း၊ တချို့လည်း ၁ သိန်း ၂ သောင်း ပေးရတာ။ စကားပြောတက်ရင် ပြောတက်သလို ပေးရတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်ကားသမားတွေထံ ငွေတောင်းခံခဲ့တဲ့အပြင် ကုန်ကားတွေကိုလည်း အတင်းအကြပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အထပ်ပါသူက ဆက်ပြောပါတယ်။

“သူတို့က နေ့တိုင်းတော့ မ‌ဟုတ်ဘူး။ စောင့်တော့စောင့်တယ် ပေးသလောက်ဘဲ ယူတယ်။ သူတို့သုံးစရာမရှိဘူးဆိုရင် ပြန်တောင်းပြီ။ တချို့ရက်ကျတော့ သတင်းတစ်ခုခုရပြီဆိုရင် သူ‌တို့တောင်းသလောက်ပေးရတယ်။ လာသမျှကားတွေကို လမ်းဘေးမှာ ထိုးခိုင်းပြီးမှ စစ်ဆေးတာ။ မသင်္ကာတော့ဘူးဆိုရင် အဲကားသမားတော့ ခံရပြီ” လို့ ပြောပါတယ်။

ဟိုပုံးနဲ့ တောင်ကြီး လမ်းက စစ်ဆေး‌ရေးဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့လက်အောက်ခံဖြစ်တဲ့ PNOတပ်တွေက ကုန်ကားတွေကို မထင်ရင် မထင်သလို စစ်ဆေးတင်းကြပ်နေတာကြောင့် ကားသမားတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ကားသမားတစ်ဦးက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။