မိုင်းရူပ၊ ဒီဇင်ဘာ ၉ ရက်၊ လားရှိုး

တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ်ပြန်ရခဲ့တဲ့ ရှမ်းမြောက် လားရှိုးမြို့အတွင်း အသံတိတ်သပိတ်မှာ ပါဝင်ဖို့ တိုက်တွန်းကြောင်း လားရှိုးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာ နိုင်ငံတဝန်းရှိ လူထုတွေအနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်အသံတိတ်သပိတ်မှာ ပါဝင်ဖို့ သပိတ်အင်အားစုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတွေက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

လားရှိုးမြို့မှာလည်း မနက်ဖြန်ဒီဇင်ဘာ ၁၀ ရက်မှာ လူထုတွေအနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်ကြဖို့ တက်ကြွလှုပ်ရှားသူတွေလိုက်လံစည်းရုံးတာတွေရှိနေပြီး ဒီလှုပ်ရှားမှုမှာ လူထုတွေပါဝင်ဖို့ တိုက်တွန်းကြောင်း လားရှိုးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့လည်း မြို့ထဲမှာ လိုက်ဆော်သြနေတာ။ စစ်ကောင်စီက အသံတိတ်သပိတ်ကို တအားကြောက်နေတာ။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိအပြင်မထွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ စကစဘက်ကလည်း ဒီသပိတ်ကို တုန့်ပြန်ဖို့ လားရှိုးမြို့မှာ လူတွေစည်ကားနေတဲ့ ပုံစံမျိုး ပြချင်နေတာ” လို့ ဆိုပါတယ်။

ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီနဲ့ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ပြန်ရခဲ့ပြီး ၎င်းတို့အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ပတ်နေတာ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ သပိတ်အင်အားစုတွေရဲ့ အသံတိတ်သပိတ်ကို ပြန်လည်တုန့်ပြန်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့က မဲဆွယ်စည်းရုံးတွေအကြီးအကျယ်ပြုလုပ်ဖို့ ပြင်ဆင်ထားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဒီလှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုတွေပါဝင်ကြဖို့ တိုက်တွန်းထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။