ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဒီဇင်ဘာ ၃ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က နေအိမ်ဆက်တိုက်ချိတ်ပိတ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးအပတ်မှာ ရပ်ကွက် ၉ မှာနေထိုင်တဲ့ ကိုအေးမောင်ဆိုသူနဲ့ သီဟိုဟ်ကျောင်းအနီးမှာ နေထိုင်တဲ့ ကိုလှကျော်ဆိုသူ ၂ ဦးကို တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တချို့ကိုလည်း စစ်ကောင်စီတပ်ကဆက်တိုက်ချိတ်ပိတ်နေပြီး ချိတ်ပိတ်ခံရတဲ့နေအိမ်တွေကို တအာင်းတပ်မတော်- TNLA နဲ့ ဆက်စပ်မှုရှိကြောင်း ဖော်ပြမထားဘဲ ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ရေသားထားတယ်လို့ ကျောက်မဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကိုလှကျော်က အရင်ဖမ်းခံရတယ်။ ကိုအေးမောင်ကျတော့ သူကအမေအိုကို စောင့်ရှောက်နေတာ။ PDF နဲ့ တော့ ပတ်သတ်မှုမရှိဘူးလို့ ကြားတယ်။ TNLA နဲ့ ကျတော့ ဘယ်လို ပတ်သတ်မှုရှိလဲတော့ မသိဘူး” လို့ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့ကို TNLA အုပ်ချုပ်စဥ် အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့သူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးတာတွေပြုလုပ်နေပြီး တချို့ကို ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာနောက် ဆုံးအပတ်ကစပြီး ကျောက်မဲမြို့တွင်းက နေအိမ်တွေကို တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ချိတ်ပိတ်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ကျောက်မဲမြို့မှာ ချိတ်ပိတ်ခံရတဲ့ နေအိမ်ဆယ်နဲ့ချီရှိနေပြီး ဖမ်းဆီးရခံသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ သီပေါနဲ့ နောင်ချိုမြို့မှာလည်း စစ်ကောင်စီက ချိတ်ပိတ်ထားပြီး မြို့ခံတချို့ ဖမ်းဆီးထားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

တအာင်းတပ်ထိန်းချုပ်ခဲ့တဲ့ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်နဲ့ အောက်တိုဘာလထဲမှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။