မိုင်းရူပ၊ နိုဝင်ဘာ ၂၄ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA တပ်တွေ ဆုတ်ခွာနေတယ်လို့ သတင်းထွက်နေတဲ့ လားရှိုးမြို့ပြင်ရှိ ကိုးကန့်တပ်ဟာ တပ်ဆုတ်တာ မရှိဘဲ အုပ်ချုပ်ရေးလုပ်ငန်း ပုံမှန်လည်ပတ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့နယ် ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်နဲ့ နောင်မွန် စတဲ့ကျေးရွာတွေမှာ MNDAA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီး ဆိုင်အခွန်တွေလည်း ပြန်ကောက်နေတယ်လို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခုထိ တပ်ဆုတ်တာ မရှိပါဘူး။ ဆိုင်အခွန်တွေတောင် ကောက်ဖို့ လုပ်နေတာ။ ကြားရသလောက်တော့ ကိုးကန့်က ဆုတ်ဖို့မရှိဘူး။ ကျနော့်ညီလည်း နမ့်ပေါင်မှာ ဈေးရောင်းနေတာ”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က လားရှိုးမြို့မှာ MNDAA နဲ့ စစ်တပ်တို့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဆုတ်ခိုင်းတာကို ကိုးကန့်တပ်က လက်မခံဘဲ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ဆုတ်ခိုင်းမှုကြောင့် လားရှိုမြို့ပြင်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပြီး သီပေါတံတားကိုလည်း နှစ်ဖက်တပ် အပြန်အလှန်ပိတ်ထားပြီး ဒီနေ့ နိုဝင်ဘာ ၂၄ ရက်အထိ ပြန်လည်ဖွင့်လှစ်ပေးတာ မရှိသေးပါဘူး။

လားရှိုးမြို့ပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ကိုးကန့်တပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိမှာ စစ်တပ်က လားရှိုးမြို့ပေါ်ကိုသာ ထိန်းချုပ်ထားပြီး အရေးပါတဲ့ သီပေါ-လားရှိုး လမ်းပိုင်းကိုတော့ ကိုးကန့်တပ်ကဘဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။