ဓာတ်ပုံ – ဒေသခံ

‎လွေးထွေး၊ နိုဝင်ဘာ ၂၁ ရက်၊ တန့်ယန်း

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့မှာ မိုင်းဟပြည်သူ့စစ်ခေါင်းဆောင် ဦးလော်မားရဲ့ သားဖြစ်သူက အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်သိသူ ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ည ၁၂ ဝန်းကျင်မှာ တန့်ယန်းမြို့အထွက် နောင်ဖာလမ်းအထွက်မှာ ပြုလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ အမျိုးသားကို ကားစီးလာတဲ့ မိုင်းဟပြည်သူ့စစ်ရဲ့ သားဖြစ်သူနဲ့ အဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်သိသူ တန့်ယန်းမြို့ခံ အမျိုးသားက “ပြည်သူ့စစ်ရဲ့သားက အဖွဲ့လိုက်။ ပစ်ခံရသူက တစ်ယောက်ထဲဘဲ။ ဆိုင်ကယ်နဲ့ကား ချိတ်မိလို့ စကားများရင်းနဲ့ ပစ်လိုက်တာ။ သေနတ်အတိုနဲ့ ပစ်တာ။ ရဲတွေကလည်း တရားခံကို ဖမ်းဖို့ သိပ်အားမစိုက်ဘူး” လို့ ပြောပါတယ်။

‎ပစ်ခတ်ခံရသူဟာ တန့်ယန်းမြို့ ရပ်ကွက် (၆) နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး လက်ရှိမှာတော့ ဆေးကုသမှုခံယူနေရ‌တယ်လို့ ဆိုပါတယ်။

‎စစ်‌ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့မှာ အလားတူဖြစ်စဉ်မျိုး မကြာခဏဖြစ်ပွားပေမဲ့ တရားမျှတမှုရအောင် အရေးယူဆောင်ရွက်ပေးတာ မရှိခဲ့ကြောင်းလည်း နောက်ထပ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

‎”ဒီမှာက စစ်သားရော၊ ပြည်သူ့စစ်ရော၊ “ဝ”ရော ရှုတ်နေတာဘဲ။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန်ယူ လုပ်ဆောင်ပေးတာမရှိဘူး။ ပိုက်ဆံကောက်ရင်တော့ လုကောက်နေကြတာ” လို့ ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း တန့်ယန်းမြို့က တပ်မိသားစုဝင် အမျိုးသမီးတစ်ဦး ဓါးနဲ့ ထိုးသတ်ခံခဲ့ရပြီး ငွေ သိန်း ၄၀၀ ပါသွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။