မိုင်းရူပ၊ နိုဝင်ဘာ ၂၀ ရက် ၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီက တက္ကသိုလ်ကျောင်းကို ပြန်ဖွင့်မယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

လားရှိုးတက္ကသိုလ်ကို လာမယ့် နိုဝင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီက ပြန်ဖွင့်မှာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကစပြီး ကျောင်းအပ်လက်ခံနေပြီလို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“လားရှိုးတက္ကသိုလ် ပြန်ဖွင့်မယ်။ ပျက်သွားတဲ့ နေရာတွေကိုလည်း ပြန်ပြင်နေပြီ။ ကျောင်းပြန်ဖွင့်မယ့်ရက်ကို လားရှိုးတက္ကသိုလ် အရှေ့တံခါးပေါက်မှာပါ အနောက်ပေါက်မှာပါ ကပ်ထားတယ်” လို့ ၎င်းက ဆိုပါတယ်။

လားရှိုးက တက္ကသိုလ်ကျောင်းတွေကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစကတည်းက ပိတ်ထားရတာဖြစ်ပြီး ကိုးကန့်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကြောင့် ကျောင်းဆောင်တွေ အများအပြားလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုနဲ့ ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလကုန်မှာ စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် ၇ လကျော်အကြာမှာပဲ လားရှိုးက တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။