ရွှေဖီမြေ၊ နိုဝင်ဘာ ၆ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာ သူခိုးဆီကနေ သိမ်းဆည်းရမိထားတဲ့ ဆိုင်ကယ်တွေကို မြို့နယ် တအာင်းရဲတပ်ဖွဲ့က ပိုင်ရှင်တွေထံ ပြန်လည် အပ်နှံပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်မှာ မြို့နယ် တအာင်းရဲတပ်ဖွဲ့က သက်ဆိုင်ရာပိုင်ရှင်တွေထံ ဆက်သွယ်ပြီးတော့ ပြန်လည် အပ်နှံပေးခဲ့တာလို့ ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ တအာင်းတပ်က သတင်းထုတ်ပြန်လာပါတယ်။

မြို့နယ် တအာင်းရဲတပ်ဖွဲ့ဟာ မြို့လုံခြုံရေးနဲ့ အေးချမ်း‌သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်အတွင်း ဆိုင်ကယ်သူခိုးတွေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Canda ဆိုင်ကယ် ၂ စီး၊ Kenbo ၅ စီး၊ ဘတ္ထရီဘီး ၂ စီး၊ Scoopy ၁ စီး၊ CZI ၁ စီးနဲ့ Follow Me ၁ စီးကို သူခိုးတွေဆီကနေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာလည်း နမ့်ခမ်းမြို့နယ် တအာင်းရဲတပ်ဖွဲ့က သူခိုးဆီကနေ သိမ်းဆည်းရမိတဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။