ဓာတ်ပုံ- Google (ပုံဟောင်း)

မိုင်းရူပ၊ နိုဝင်ဘာ ၄ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ သီပေါနဲ့ ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ- USDP နဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ- SNDP ပါတီ ၂ ခုသာ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ကျောက်မဲနဲ့သီပေါမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ USDP နဲ့ SNDP ပါတီ ၂ ခုသာ ယှဉ်ပြိုင်မယ့်အပြင် ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်နေရာမှာတော့ ပြိုင်ဘက်မရှိလို့ စစ်ကောင်စီရဲ့ USDP ပါတီက ကြိုတင်အနိုင်ရနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကျောက်မဲနဲ့သီပေါမြို့ထဲ ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေ မတွေ့ရသေးဘူးလို့ ကျောက်မဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မဲကိစ္စတော့ ဘာမှမတွေ့သေးဘူး။ လှုပ်ရှားမှုလည်း မတွေ့သေးဘူး။ စကစကတော့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မှာဘဲ။ ပြည်သူတွေ မဲ မထည့်လည်း ကျောက်မဲမှာ ကြံ့ဖွံ့ရဲ့ ပါတီဝင်တွေ ရှိတော့ သူတို့ မဲထည့်မှာလေ။ UEC ရဲ့ သတ်မှတ်ချက် ဘယ်နှစ်ရာနှုန်း မဲထည့်မှ ရွေးကောက်ပွဲ ဖြစ်တယ်လို့ မပါဘူးလေ”

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျောက်မဲမြို့နယ်ထဲ SNDP၊ USDP၊ အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ်- NLD၊ တအာင်းအမျိုးသားပါတီ- TNP နဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- SNLD ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ USDP နဲ့ SNDP ပါတီ ၂ ခုသာ ဝင်ပြိုင်တာ ဖြစ်ပါတယ်။

သီပေါနဲ့ ကျောက်မဲမြို့နယ်ကို ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ကျင်းပမယ့် မြို့နယ်တွေထဲ ထည့်သွင်းထားတာ မတွေ့ရဘဲ ရွေးကောက်ပွဲ တတိယအပိုင်းမှာ ထည့်သွင်းကျင်းပမယ့် အခြေအနေ ဖြစ်ပါတယ်။

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီက ပြန်လည် သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း အသိပေးထားပြီး မြို့နယ် ၁၀၂ ခုအထိ စတင်ကျင်းပမယ့်အပြင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းနဲ့ ပြုလုပ်မှာလို့လည်း ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၈ ရက်ကစပြီး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့က မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ်နေကြပြီး လူထုအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု သိပ်မရှိကြပေ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားပြီး တော်လှန်ရေးတပ်အင်အားစုဘက်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။