ပျားကြီး၊ နိုင်ဝင်ဘာ ၃၊ တောင်ကြီး
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ၄ ရက်တာအတွင်း ၂ ဦးသေဆုံးပြီး လူပေါင်း ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ကစတင်ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်မှာ ရာသီဥတုဆိုးရွားမှုနဲ့မီးပုံးပျံတွေရဲ့ချို့ယွင်းမှုကြောင့်လူသေဆုံးမှုတွေအထိရှိလာတာဖြစ်ပါတယ်။
“ဒီနေ့လည်းလွှတ်ဖို့မသေချာဘူး။ ရာသီဥတုကမြူတွေ ဆိုင်းပြီးမိုးကလည်းရွာနေတယ်။ လွှတ်ပြန်တော့လည်းယမ်းတွေက စိတ်မချရလို့ခွင့်မပြုဘူး။ လူသေထားတာရှိတော့ စိုးရိမ်နေကြတာ”လို့တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
အောက်တိုဘာလ ၂၉ ရက်က စတင်ပြုလုပ်ခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲအတွင်း မီးပုံးပျံပျက်ကျမှုနဲ့မိုးသည်းထန်စွာရွာသီန်းမှုတွေကြောင့် သောင်းနဲ့ချီတဲ့လူတွေတိုးဝှေ့မှုကြောင့် လူသေဆုံးထိခိုက်မှုတွေရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရာသီဥတုဆိုရွားပြီး မြူတွေဆိုင်းနေတာကြောင့် နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မီးပုံးပျံ ၃ လုံးပဲလွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။