ရွှေဖီမြေ၊ အောက်တိုဘာ ၂၉ရက်

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်-TNLAတပ်တို့အကြား တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း တအာင်းတပ်ဘက်က ဒီနေ့ အောက်တိုဘာ ၂၉ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇နဲ့၂၈ရက်နေ့မှာ တရုတ်ပြည် ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၉)ကြိမ်မြောက် ဆွေးနွေးပွဲကနေ အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးတာဖြစ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်မှာ တအာင်းတပ်ဘက်က သိမ်းပိုက်ရရှိထားတဲ့ မိုးကုတ်မြို့၊မိုးမိတ်မြို့တွေကနေ တပ်တွေပြန်ဆုတ်ရမှာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း တအာင်းဒေသကို လေကြောင်းကနေ ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်ခြင်းမပြုလုပ်ဘဲ ရောက်တဲ့နေရာကနေ အပစ်ရပ်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီသဘောတူညီချက်ဟာ ဒီနေ့ ၂၉ရက်နေ့မှာ စတင်အသက်ဝင်ပြိီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ထိခိုက် သေဆုံးမှုရှိနေ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်တဲ့ ကျောက်မဲနဲ့မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သီပေါမြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းယော်မှာ အမျိုးသားဖြစ်သူက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ပြီး သူကိုယ်တိုင်လည်း မီးထဲခုန်ချခဲ့လို့ သေဆုံးသွား

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်မှာ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို ဓားနဲ့ခုတ်ခဲ့ပြီး သူကိုယ်တိုင်လည်း မီးထဲသို့ခုန်ချခဲ့လို့ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူရဲ့ပြောပြချက်အရ သိရပါတယ်။

သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွား

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့အဝင်က စိန်နဂါးပန့်ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။