မိုင်းရူပ၊ အောက်တိုဘာ ၂၇ ရက်၊ လားရှိုး

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇)ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)အနီးမှာ မူးယစ်ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ ကားတစ်စီးက ကားနဲ့ ဆိုင်ကယ်တွေကို တိုက်မိလို့ ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ အောက်တိုဘာ (၂၆) ရက် ညနေ (၆) နာရီခွဲဝန်းကျင်မှာ မူးယစ်ဆေးကြောင်ပြီး Crown ကားတစ်စီး မောင်းနှင်လာတဲ့ အမျိုးသားတစ်ဦးက Alphard ကားတိုက်ပြီးနောက် ဆိုင်ကယ်စီးနှင်လာသူတွေကို ပြန်တိုက်မိခဲ့တာဖြစ်တယ်လို့ အခင်းဖြစ်ပွားစဉ် မြင်တွေ့ခဲ့သူ အမျိုးသားတစ်ဦးက “ရွှေဖီမြေ” ကို ပြောပါတယ်။

“Crown ကားက Alphard ကို အရင်တိုက်ပြီးမှ ဆိုင်ကယ်တွေကို ပြန်တိုက်တာ။ မောင်းလာတဲ့ကောင်က ယာမကွဲနေတာ။ ဒဏ်ရာတာ ၂ ယောက်ပဲ။ ကလေးမက အခု သတိပြန်ရပြီ။ ကျန်တစ်ယောက်ကတော့ ဒဏ်ရာ တော်တော်ပြင်းထန်တယ်။ အသေအပျောက်တော့ မရှိဘူး” လို့ ဆိုပါတယ်။

ကားနဲ့ ဆိုင်ကယ်တိုက်မိတဲ့ အမျိုးသားကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒဏ်ရာရသူ ၂ ဦးဟာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၂၄) ရက်မှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။