ဓာတ်ပုံ – ဇာတိမြေ ပရဟိတ

လွေးဇွန်မိုး​၊ အောက်တိုဘာ ၂၁ ရက်၊ ကျောက်မဲ

ရှမ်းမြောက် လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်လာတဲ့ ကျောက်မဲမြို့နယ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့တဲ့ ပရဟိတကားက မတော်တဆဖြစ်ပြီး ကားထဲလိုက်ပါလာသူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာလ ၂၀ ရက်မှာ စစ်ရှောင် ၃ ဦး အပါအဝင် လူ ၆ ဦး လိုက်ပါလာတဲ့ ကားဟာ နောင်ကွဲရွာအနီးမှာပဲ ကားမတော်တဆမှုဖြစ်ပြီး ဇာတိမြေကျောက်မဲ စစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံနဲ့ ၎င်းရဲ့ အမျိုးသားဖြစ်သူ ဒဏ်ရာရခဲ့ပြီး ကျန်တဲ့ ၄ ဦးကတော့ ဘေးကင်းခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“၁၂ ဘီးကို ကျော်တက်ရင်း မနိုင်တော့တာ။ အရှိန်များပြီး။ ကားမောင်းတဲ့ ဆရာမကတော့ နည်းနည်းကိုယ်လက်နာကျင်တာကလွဲရင် ဘာမှမဖြစ်ပါဘူး။ ကားပေါ်ပါလာတဲ့ စစ်ရှောင်ပြည်သူ ကလေးငယ်လေးနှစ်ယောက်နဲ့ အဖွားဖြစ်သူ ဘေးကင်းပါတယ်”

ဇာတိမြေ ပရဟိတအသင်းဟာ လားရှိုးမြို့ကို စစ်ဘေးရှောင်လာပြီး နေရပ်မပြန်နိုင်သေးတဲ့ ကျောက်မဲ နောင်ပိန်က စစ်ရှောင်တွေကို အခမဲ့ နေရပ်ပြန်ပို့ပေးနေတာဖြစ်ပြီး ဒေသခံ ၃၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့ပြီးနောက် လားရှိုးကို စစ်ရှောင်လာခဲ့ကြတဲ့ ကျောက်မဲစစ်ရှောင်တွေက နေရပ်ပြန်လာကြတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။