ပို့လဘား၊ အောက်တိုဘာ ၁၇ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ဖမ်းဆီးထားတဲ့ ကျားဖျန်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၄၀၀ကျော်ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့ ဟိုနားရပ်ကွက်မှာရှိတဲ့ ခရိုင်ဆေးရုံဘက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖျန်တွေကို မနေ့ အောက်တိုဘာလ ၁၆ ရက် မနက်၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အရင်က ဖမ်းထားတဲ့ ကျားဖျန်တွေကို ထောင်ကနေ ပြန်လွှတ်‌ပေးနေပြီ။ဘာကြောင့် လွှတ်ပေးလည်းတော့ မသိရဘူး။ မြန်မာနိုင်ငံသားတွေဘဲ လွှတ်ပေးတာ။ နိုင်ငံရေးအပြောင်းအလဲကြောင့်လည်း ပါမယ်ထင်တယ်။ မိုးလည်းရွာနေ‌တာ သူတို့ကိုလွတ်တာနဲ့ သူတို့အမျိုးတွေ သူတို့ကိုလာကြိုနေကြတာ။ တော်တော်များများက ရွာဘက်ကလူတွေပဲ။ ၁၉ ရွာဘက်ကလည်း လူတွေလည်းပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ် ပြန်လွှတ်ပေးတဲ့ကျားဖျန် ၄၀၀ ကျော်ထဲမှာအမျိုးသမီးတွေ အများဆုံးဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။

တရုတ်ဖိအားကြောင့် စစ်ကောင်စီတပ်ဟာ မူဆယ်မြို့မှာရှိတဲ့ ကျားဖျန်လုပ်ကိုင်သူတွေကို မကြာခဏ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ခဍပတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာလည်း မူဆယ်မြို့မှာ ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးကိုလည်း စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။