ဓာတ်ပုံ- PSLF/TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၂ ရက်

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ တအာင်းတပ်မတော်- PSLF/TNLA အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

TNLA နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်မတော်- MNDAA၊ အာရက္ခတပ်တော်- AA အပါအဝင် ဓနုတပ်တော်- DPLF/DPLA၊ မန္တလေး PDF၊ မွန်တပ်တော်- MLA၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော်- BPLA၊ ကျောင်းသားလက်ရုံးတပ်တော်- SAF နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ- CRPH စတဲ့ တော်လှန်ရေးအင်အားစုတွေက သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

MNDAA နဲ့ AA ပေးပို့တဲ့ သဝဏ်လွှာမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ ဘုံရန်သူကို တိုက်ခိုက်ရာမှာ တစ်ဖွဲ့ရဲ့ လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ် စိတ်ဓာတ်နဲ့ အပြည့်အဝ ကူညီခဲ့ရာ အခုလို အောင်မြင်မှု ရရှိခဲ့ပြီး အောင်ပွဲနဲ့အတူ ပါရှိလာတဲ့ အခက်အခဲ၊ အတားအဆီးတွေကိုလည်း ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့ ဖြေရှင်းသွားဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပါအဝင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက တိုက်ပွဲမှာ TNLA နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ မန္တလေး PDF ကလည်း မန္တလေး PDF ဟာ တအာင်းဒေသမှာ မွေးဖွားအရွယ်ရောက်ခဲ့ရတဲ့ တော်လှန်တပ်ဖွဲ့ဖြစ်ပြီး တအာင်းအမျိုးသားလုံးရဲ့ ကျေးဇူးကို အစဉ်အောက်မေ့ ဂုဏ်ယူနေမှာ ဖြစ်တယ်လို့ တအာင်းတော်လှန်ရေးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်အမျိုးသားတပ်ဦး- PNF နာမည်နဲ့ စတင်ခဲ့တဲ့ တအာင်းတော်လှန်ရေးဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်ဆိုရင် ၆၂ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။