ဓာတ်ပုံ – Local

မိုင်းရူပ၊ အောက်တိုဘာ ၁၃ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရှမ်းမြောက် ကျောက်မဲမြို့ပေါ်က ဒေသခံ သားအမိနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရကာ မိခင်ဖြစ်သူ သေဆုံးပြီး သမီးဖြစ်သူ မီးလောင်ဒဏ်ရာနဲ့ ဆေးကုသနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲမြို့ခံ ဒေါ်နန်းရွှေစိန်ဟာ ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခုမှာ ကျောင်းတက်နေတဲ့ သမီးဖြစ်သူထံ သွားခဲ့ရာ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ဘော်ဒါဆောင်မှာ မုန့်ရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမကို အကူအညီတောင်းပြီး ကျောင်းအပြင်သို့ ခေါ်ဆောင်သွားရာကနေ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“သူသမီးဆီ သွားတာ။ သွားတဲ့အချိန်မှာ ဘော်ဒါမှာ မုန့်ရောင်းနေတဲ့ အမျိုးသမီးက အကူအညီတောင်းပြီး အပြင်ကို ခေါ်သွားတာ။ တော်တော်နဲ့ မပြန်လာတော့ဘူး။ သူ့သမီးက ဖုန်းဆက်လည်း မကိုင်ဘူး။ နောက်တော့ ဖုန်းပိတ်သွားတယ်” လို့ သေဆုံးသွားတဲ့ ဒေါ်နန်းရွှေစိန်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဲ့ဒီနောက် ဘော်ဒါဆောင်မှာ ကျန်နေတဲ့ ဒေါ်နန်းရွှေစိန်ရဲ့ သမီးဖြစ်သူကိုလည်း မုန့်ရောင်းနေတဲ့ အမျိုးသမီးက ဆိုင်ကယ်နဲ့ လာရောက်ခေါ်ဆောင်ခဲ့ပြီး လမ်းအလယ်မှာ ဦးခေါင်းကို ပုလင်းနဲ့ရိုက်ပြီး ဓာတ်ဆီဖြင့် မီးရှို့ခဲ့ပေမယ့် ပတ်ဝန်းကျင်လူများအကူအညီနဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“သူ့အမေကို သတ်သွားတယ်လို့ ယူဆရတဲ့ မိန်းမက သူ့သမီးကို ပြန်လာခေါ်တယ်။ နင်အမေခေါ်ခိုင်းတာတဲ့။ ကလေးမက လိုက်သွားတော့ လူမရှိတဲ့ နေရာရောက်တော့ ပုလင်းနဲ့ ခေါင်းကို ရိုက်တာ၊ ကြိုးနဲ့ ချည်ပြီး ဓာတ်ဆီလောင်း မီးရှို့တာ။ ကလေးမက ပြေးလို့ လွတ်သွားတာ”

လက်ရှိ မီးလောင်ဒဏ်ရာရ ၁၂ တန်းကျောင်းသူဟာ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှုခံယူနေနေပြီး၊ ပစ်မှုကျူးလွန်သူလို့ သံသယရှိသူ နန်းမိုဟွမ်ခမ်းဆိုသူကတော့ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အခုလို သားအမိနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ဘယ်လို ရန်ညှိုးရန်စရှိခဲ့သလဲဆိုတာ မသိရသေးပါဘူး။

သေဆုံးသွားတဲ့ ဒေါ်နန်းရွှေစိန်ဟာ ကျောက်မဲမြို့မှာ သီးနှံမျိုးစုံ ရောင်းချနေသူဖြစ်ပြီး၊ သူမရဲ့ အလောင်းကို ပြန်တွေ့စဉ် မျက်နှာတစ်ဖက်လုံး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာနဲ့ သေဆုံးနေလို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြင်ဦးလွင်မြို့မှာ သားအမိနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။