ဓာတ်ပုံ- PSLF/TNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၁ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၃၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ TNLA က ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

မူးယစ်‌ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး တချို့ကတော့ သက်ဆိုင်ရာ မိဘကိုယ်တိုင် သားတွေကို အကျင့်စာရိတ္တ ပြုပြင်ပေးဖို့ လာရောက် အပ်နှံပေးတာလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ မူးယစ်ဆေး သုံးစွဲသူတွေကို ၆ လကြာ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ မိဘထံ ပြန်လည် အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ပထမအကြိမ် အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရပြီး ၆ လ ပြစ်မှု ခံယူရပြီးတော့ ဒုတိယအကြိမ် ထပ်မံ သုံးစွဲတာရှိရင် ၃ နှစ်ကြာ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် တအာင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြီး TNLA ထိန်းချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူကို ထိရောက်စွာ အရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တအာင်းတပ် ထိန်းချုပ်တဲ့ မြို့နယ်တချို့မှာတော့ ကျေးရွာပိုင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပြန်များလာပြီး တအာင်းတပ်ရဲ့ အရာရှိတချို့ကလည်း မူးယစ်ဆေးဝါး သုံးစွဲတာတွေ တွေ့လာရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်ကလည်း နမ့်ဆန်မြို့မှာ PSLF/TNLA ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါး သုံးစွဲသူ ၅၀ ဦးကို အကျင့်စာရိတ္တ ပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။