မိုင်းရူပ၊ အောက်တိုဘာ ၈ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာလုပ်ပြီး ခံစစ်ပြင်နေတယ်လို့ ရမခတိုင်းတွင်းထဲက အခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရမခတိုင်ထဲမှာ အင်အားရာနဲ့ချီ အသုံးပြုပြီး ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းနဲ့ ဘန်ကာတွေကို အခိုင်အမာ ပြုလုပ်ထားပြီး လက်နက်ကြီးနဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေကိုလည်း ပစ်ခတ်ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

“ဒီကောင်တွေ တိုင်းထဲမှာ ကတုတ်ကျင်း၊ ဘန်ကာ၊ ဆက်သွယ်ရေးမြောင်းတွေ ကောင်းကောင်း တူးထားတယ်။ အခြေအနေဘယ်လိုလာမလဲတော့ မသိရဘူး။ ဒီကောင်တွေ ဒီဘက်ပြီးရင် MNDAA ကိုပါ ပြန်ချမယ်ထင်တယ်။ ဟောင်ဝစ်ဇာ၊ လက်နက်ကြီးရော ပြန်ဆင်ထားတယ်” လို့ လားရှိုးမြို့ခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ လားရှိုးမြို့ထဲမှာ စစ်ကောင်စီတပ် အင်အားထောင်ချီဝင်ရောက်ရှိနေပြီး စစ်ဆေးရေးဂိတ်တွေကိုလည်း ရှေ့ဘက်ကို တဖြည်းဖြည်းတဲ့တိုးလာနေပြီး ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ မြို့ရှောင်လမ်းအနီးထိ ရောက်ရှိလာနေပြီလို့ သိရပါတယ်။

ဒါ့အပြင် လားရှိုးမြို့ထဲမှာ ထောက်လှမ်းရေး(စရဖ) အဖွဲ့လည်း ရာနဲ့ချီရှိနေပြီး အဲကနေတစ်ဆင့် ညီနောင်(၃)ဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေဘက်ကို စေလွှတ်ထားနေတယ်လို့ ဖမ်းဆီးခံထားရတဲ့ ထောက်လှမ်းရေးတွေက ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ လားရှိုးမြို့တွင်း ၁၂ ရပ်ကွက်ကိုသာ စစ်ကောင်စီတပ် ထိန်းချုပ်ခွင့်ရပြီး မြို့ဘေးက နေရာအားလုံးကို ကိုးကန့်တပ်က ဝိုင်းရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သိန်နီမြို့ကို စစ်ကောင်စီက ပြန်တောင်းနေပြီး ကိုးကန့်တပ်ဘက်က လက်ခံခြင်းမရှိသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။