ရွှေဖီမြေ၊ အောက်တိုဘာ ၇ ရက်၊ နမ္မတူ
ဒီနေ့ အောက်တိုဘာ ၇ ရက် မနက် ၆ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က နမ္မတူမြို့ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုဟာ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို ထိမှန်ပြီး ဘုန်းကြီးကျောင်းဆောင်အားလုံးနီးပါး ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
“ဘုန်းကြီးတွေကတော့ နမ္မတူစကြဲကတည်းက ပြေးထားတော့ မရှိတော့ဘူး။ ကျောင်းဆောင်အားလုံးနီးပါး ပျက်သွားပြီ”လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
နမ္မတူမြို့ဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က ၃ကြိမ်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြလျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၁၅ မှာ စစ်ကောင်စီတပ်က နမ္မတူမြို့ ရပ်ကွက် (၈) ရှိ လူနေထူထပ်တဲ့ ရပ်ကွက်ထဲကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့သလို မနေ့ အောက်ဆိုဘာ ၆ရက်မှာလည်း နမ္မတူမြို့လယ်ကို ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၁၀အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။