ရွှေဖီမြေ၊ အောက်တိုဘာ ၆ ရက်၊ နမ္မတူ
ဒီနေ့ အောက်တိုဘာ ၆ ရက် သီတင်းကျွတ် လပြည့်နေ့ မနက် ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က နမ္မတူမြို့လယ်ထဲ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၇ လုံးထက်မနည်း လုံးဝ ပြာကျပျက်စီးသွားခဲ့ပြီး ၁၀ လုံးထက်မနည်းက အနည်းငယ် ပျက်စီးခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဘွားအိုတစ်ဦး အနည်းငယ် ဒဏ်ရာရခဲ့ပြီး အများစုဟာ ထွက်ပြေးတိမ်းရှောင်သွားကြတာနဲ့ သီတင်းကျွတ်လပြည့်နေ့ ဘုန်းကြီးကျောင်းသွားကြတာကြောင့် ထိခိုက်မှု နည်းခဲ့တာပဲ ဖြစ်ပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ နမ္မတူမြို့ ရပ်ကွက်(၈)ရှိ လူနေထူထပ်တဲ့ ရပ်ကွက်ထဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ပါတယ်။
သီပေါမြို့ကို ထပ်မံ ထိုးစစ် ဆင်နေတဲ့ စစ်တပ်ဟာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူအပြင် သီပေါမြို့တွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။