မိုင်းရူပ၊ အောက်တိုဘာ ၃ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါဘက် သွားတဲ့လမ်း ကျောက်မဲ တိုးဂိတ်အနီးမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၃ ရက် မနက်အစောပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ကျောက်မဲမြို့ ရပ်ကွက် ၁ အုတ်ကျင်း၊ ရပ်ကွက် ၉ ဘက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

“အုတ်ကျင်းက မနက်အစောပိုင်း ၁ နာရီလောက် ကျတာ။ ရပ်ကွက် ၇၊ ရပ်ကွက် ၉ နဲ့ ပြိန်းနင်ဘက် ဒီနေ့ နေ့လယ်ပိုင်းမှာ လက်နက်ကြီး ကျတာ။ လူအထိအခိုက်တော့ မရှိဘူး။ မြို့ပြင်မှာ တိုက်ပွဲသံတွေ ကြားနေရတုန်း။ မြို့ပြင်ဆိုတာ အေးရှားဝေါလ်ဘက်ခြမ်းမှာပါ” လို့ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ ကျောက်မဲမြို့ပေါ် TNLA က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တယ်ဆိုပြီး ရေသားဖော်ပြနေကြကာ ဓာတ်ပုံထဲမှာတော့ ၁၂၀ မမ လက်နက်ကြီး ဖြစ်နေတာ တွေ့ရပါတယ်။

ကျောက်မဲမြို့ကို စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရောက်လာတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ် ပျံ့နှံ့နေပြီး မြို့ခံအများစုကတော့ နေရပ်သို့ ပြန်မလာနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ကျောက်မဲမြို့ကို တအာင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်တပ် လက်အောက် ပြန်ရောက်သွားတာပဲ ဖြစ်ပါတယ်။

ကျောက်မဲမြို့ပေါ်ရှိ ဒေသခံတွေရဲ့ နေအိမ်တချို့ကို TNLA နဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး ချိတ်ပိတ်ဖို့ စစ်တပ် ထောက်ခံသူတွေ အွန်လိုင်းပေါ် လှုံ့ဆော်တာတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမပေါ်မှာရှိတဲ့ သီပေါမြို့ဘက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။