ဓာတ်ပုံ- CJ

မြတ်နိုး၊ အောက်တိုဘာ ၃ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့ ကုဋေမှော်ဘက် ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ အရပ်သားတစ်ဦး လက်နက်ကျည်စ ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လုံးခင်း ကုဋေမှော်မှာ စစ်ကောင်စီ ပစ်လိုက်တဲ့ ၄၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးစ ထိလို့ အရပ်သား ပြည်သူတစ်ဦး ခေါင်းမှာ ထိမှန်သွားတယ်။ အရေးပေါ် လုံးခင်းကို သယ်သွားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကျည်စ ထိမှန်ဒဏ်ရာ ရသွားတဲ့ အမျိုးသားက အသက် ၄၀ ခန့်အရွယ်ရှိပြီး ဒီနေ့လယ် ၂ နာရီခန့်က ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။

“တိုက်ပွဲ ဖြစ်ပွားတာတော့ မဟုတ်ဘူး။ လက်နက်ကြီးလား၊ ဒရုန်းလား မသိဘူး ကျကွဲသံ ကြားတယ်” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ကုဋေမှော် ခရေစီ လက်ဖက်ရည်ဆိုင်နား ဒရုန်းတွေနဲ့ ချတယ်လို့ ကြားသိရပေမဲ့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၉ နာရီခွဲခန့်က ဖားကန့်မြို့နယ် မှော်စီစာရွာ၊ သာယာကုန်းက ကျောက်စိမ်းလုပ်ကွက်မှာ လက်ကျင် တူးနေချိန် မြေစာ ပြိုကျလာလို့ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရကြောင်း အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

ဒီနေ့မနက်မှာပဲ ဖားကန့် ဆန်းကြွယ် မှော်တောင်းအနီးက ကုမ္ပဏီတစ်ခုရှိ ဘက်ဟိုးတွေကို စစ်တပ်က မီးရှို့လိုက်တယ်လို့ ဆိုပါတယ်။

ဖားကန့်မှာတော့ ပြီးခဲ့တဲ့ မေလကုန်ခန့်ကစ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။