မိုင်းရူပ၊ စက်တင်ဘာ ၃၀ ရက်၊ ကျောက်မဲ

ဒီနေ့ စက်တင်ဘာ ၃၀ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့တွင်း ထိုးဖောက်ဝင်ရောက်နေပြီး ကျောက်မဲမြို့ထဲ မီးလောင်ဗုံးသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“TNLA မီးရှို့တာ မဟုတ်ဘူး။ စစ်ကောင်စီတွေ ဒရုန်းသုံးပြီး မီးလောင်ဗုံးချနေတာ။ အခုစကစ မြို့ထဲအထိ ထိုးဖောက်ဖို့ လုပ်နေတာ။ TNLA ကလည်း ဆက်လက်ခုခံနေတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာတော့ ကျောက်မဲမြို့တွင်းရှိ ဌာနဆိုင်ရာတွေကို တအာင်းတပ်ဘက်က မီးရှို့နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်တွေကရေးသားရာကနေတစ်ဆင့် ပြန်လည်ရေးသားဖော်ပြနေကြပါတယ်။

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ တစ်လခွဲအကြာ ရှိလာပြီဖြစ်ပြီး စစ်ကောင်စီဘက်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ကျောက်မဲမြို့ကို ဆက်လက်ထိန်းချုပ်ဖို့ အခက်အခဲရှိတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာလည်း ဖြစ်ပါတယ်။

ကျောက်မဲမြို့ကို စစ်တပ်အောက် ရောက်သွားရင် ကျောက်မဲ–မိုးကုတ်၊ ကျောက်မဲ–နမ့်ဆန်နဲ့ ကျောက်မဲ–သီပေါဘက်ကို စစ်ကောင်စီဘက်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တဲ့ စစ်မျက်နှာကို တအာင်းတပ်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။